Ritual Guide

Ritual Guide

ဘယ်တော့ထူးမလဲ ဘယ်လိုထူးမလဲ

Ritual Guide Introduction

ကြာချိန်

အစီအရင်ရဲ့ သဘောက တစ်ယောက်နဲ့ တစ်ယောက် ကံဇာတာ အနိမ့်အမြင့်ပေါ်မူတည်ပြီး အကျိုးပေးပုံချင်း မတူတတ်ပါဘူး။ ဒါပေမဲ့ အစီအရင် လုပ်ပြီးတာနဲ့ energy စပြီး အလုပ်လုပ်ပါပြီ။ အများအားဖြင့် ၇ရက်ကနေ ၂၁ ရက်အတွင်း ထူးခြားတဲ့ အပြောင်းအလဲလေးတွေ စတင် မြင်တွေ့ရတတ်ပါတယ်။

Lunar Witchcraft Ritual

အချိန် ၄၅ရက် ထိစောင့်ပါ။ ဒါကိုမှ ကိုယ်လိုချင်သလိုထိ မဖြစ်သေးရင် ကံထပ်စစ်ပါ။ လိုအပ်ရင် ထပ်အပ်ရပါတယ်။ အောင်မြင်သွားပြီးရင် သို့ ထူးခြားလာပြီဆိုရင် လာပြောပေးပါနော် လိုအပ်တာ ဆက်ပြောပေးပါမယ်ရှင်။

Candle Ritual

၁၀၊၁၅ ရက်နေပြီး ကိုယ်လိုချင်သလိုထိ မဖြစ်သေးရင် ကံထပ်စစ်ပါ။ အခြေအနေ အကျိုးအကြောင်းပြောပြပါ။ လိုအပ်တာပြန်ပြင်ပြီး ထပ်အပ်ရပါမယ်ရှင်။

ဘယ်လိုအစွမ်းပြလဲ

  • စိတ်ပူပန်မှုတွေ လျော့သွားမယ်၊ ဆုံးဖြတ်ချက်တွေ မှန်ကန်လာမယ်၊ စိတ်အေးချမ်းလာမယ်။
  • ကိုယ်ရည်ရွယ်ထားတဲ့ ကိစ္စ (ဥပမာ- အချစ်ရေး၊ ငွေကြေး) မှာ သိသိသာသာရော မသိမသာရော လမ်းပွင့်လာတာမျိုး အစွမ်းပြပါလိမ့်မယ်။
  • ကြိုဖြစ်မယ့် အရာတွေ ကြုံရမယ့်အရာတွေကို အိပ်မက်ကြို ပေးပါလိမ့်မယ်။

မထူးတာမျိုးရှိလား အစွမ်းမပြတာမျိုးရှိလား

လုံးဝ မရှိပါဘူး အနည်းနဲ့ အများ တစ်ခုမဟုတ် တစ်ခုထူးပါလိမ့်မယ်။

Lunar Witchcraft Ritual မှာ: ဘာအတွက်ဘယ်လိုအကြောင်းအရာအတွက်ပဲ အပ်အပ် အပ်တဲ့သူရဲ့ ကံတက်ဖို့ကိုပါထည့်လုပ်ပေးတာမို့ မျှော်လင့်ဘဲ အဆက်အသွယ်ကောင်းတွေ ရလာတာ၊ လူမှု့ရေးတွေ ပိုအဆင်ပြေလာတာ၊ အဆင်မပြေဖြစ်နေတဲ့ အရာတွေက အလိုလို ပြေလည်သွားတာမျိုး ကြုံရပါလိမ့်မယ်။

Candle Ritual မှာကတော့: ကံအထောက်အပံ့တော့ ထည့်ထားပေမယ့် Lunar လောက်တော့ energy မများပါနိုင်ပါဘူး။

Side effects ရှိလား

Ritual ကတော့ nature energy ကိုယူထားတဲ့ white magic မို့ သူ့ကြီးသက်သက်တော့ side effects မရှိပါဘူး။ သို့သော် Energy Shift စတဲ့အခါ ကိုယ်လုပ်ထားတဲ့ ritual ကစတင် လည်ပတ်တဲ့အခါ Psychological Side Effect အနည်းငယ်ရှိပါတယ်။

Emotional Wave ဖြစ်တာ: အစီအရင်ရဲ့ စွမ်းအင်က သင့်ဆီက မကောင်းတဲ့ စွမ်းအင်အဟောင်းတွေကို မောင်းထုတ်တဲ့အခါမှာ စိတ်ထဲ ဝမ်းနည်းလွယ်တာ၊ ဝေခွဲမရဖြစ်တာ၊ စိတ်တိုလွယ်တာမျိုး ခဏတာ ဖြစ်တတ်ပါတယ်။ ဒါက အစီအရင် အလုပ်လုပ်နေတဲ့ လက္ခဏာဖြစ်လို့ စိတ်ငြိမ်ငြိမ်ထားပြီး ဖြတ်ကျော်ပါနော်။

Ritual Success Factors

Ritual Success Equation

Destiny + Witch + Client = 100%

ယတြာ တစ်ခုလုပ်တယ် ဆိုတာက မြေဆီလွှာပေါ် 🌸 အပင်တစ်ပင်စိုက်ပျိုးခြင်းနဲ့တူပါတယ်။

  • Destiny က မြေဆီလွှာ
  • Witch (ယတြာ စီရင်ပေးသူ) က အပင်စိုက်ပျိုးပေးသူ
  • Client ကတော့ အဲ့အပင်ကိုလိုချင်သူ

🌸 အပင်တစ်ပင်က လှလှပပ ပွင့်လန်းလာဖို့ဆိုတာ မြေဆီလွှာလည်း ကောင်းရမယ်။ မြေဆီလွှာမကောင်းရင် ကောင်းလာအောင် အပင်စိုက်သူက တတ်စွမ်းတဲ့ဘက်ကပြုပြင်ပေးရမယ်။ အပင်ကိုသေချာစိုက်ပေးရမယ်။ အပင်ကိုလိုချင်သူကလည်း အပင်လေးလှလှပပ ပွင့်လန်းလာဖို့ စိတ်ရှည်ပေးရမယ် သေချာပြုစုပေးရမယ်။

အကုန်သေချာလုပ်ပါရဲ့ အဆင်မပြေတာက မုန်တိုင်းတို့ မိုးအသည်းအထန်ရွာတာတို့လို သဘာဝတရားကြီးရဲ့ အဖျက်ပေါ့။ ဒါကတော့ သင့်ရဲ့ negative energy နဲ့ အတိတ်ကကံပေါ့။ အတိတ်ကံကိုတော့ ခုမှာ ပြင်ဖို့ မလွယ်ပေမယ့် ပြင်လို့ရတဲ့ စိတ်လေးကိုထိန်းချုပ်ပါ။ အသိ သတိနဲ့ ယှဉ်ပြီး နေထိုင်ပါ။ ကုသိုလ်ကောင်းမှုပိုလုပ်ပါ။

မိမိဘက်က ကြိုးစားမှု၊ positive energy နဲ့ ယုံကြည်မှု ရှိနေဖို့ လိုပါတယ်။ အစီအရင်ကပေးတဲ့ Positive Energy ကို ကိုယ့်ဘက်က ယုံကြည်မှုနဲ့ ပေါင်းစပ်လိုက်ရင် အစွမ်းက အံ့ဩဖို့ကောင်းလောက်အောင် မြန်ပါလိမ့်မယ်။

ကံ ဉာဏ် ဝီရိယ ပေါင်းစပ်မှု့ ညီမျှရင် အချိန်တစ်ခုရောက်ပါက အောင်မြင်မှု သေချာပေါက်ရရှိမှာပါရှင်။
Reasons why ritual fails

Reasons why ritual fails

တော်တော် များများက ဒါကိုမသိဘဲ ယတြာတွေပဲ ဆက်တိုက်လုပ်နေတတ်ကြတယ်။ ငွေတွေကုန် အချိန်တွေကုန် ယတြာတွေ မထူးဘူးဆိုတာ ဒါတွေက အဓိက အဖျက်တွေပါ။

Anxiety (စိုးရိမ်ပူပန်ခြင်း)

'တကယ်ဖြစ်ပါ့မလား၊ အဆင်မပြေရင် ဘယ်လိုလုပ်မလဲ' ဆိုပြီး စိုးရိမ်စိတ်တွေ၊ သံသယတွေ ထားတာ။ ဒါမျိုးကို အတတ်နိုင်ဆုံး ဖျောက်ဖျက်ပြီး Positive Mindset ထားပေးဖို့ လိုပါတယ်။

Impatience (စိတ်မရှည်ခြင်း)

'ဘာလို့ မထူးသေးတာလဲ' ဆိုပြီး ရက်ပိုင်းအတွင်း စိတ်လောနေရင် မိမိကိုယ်တိုင်ပဲ စိတ်ပင်ပန်းရတာမို့မလောပါနဲ့။ အပင်လေးရှင်သန်ဖို့ အချိန်တစ်ခုတော့ စောင့်ပေးရပါမယ်နော်။

Ritual Overlay (ယတြာများထပ်ခြင်း)

ယတြာတွေစုပြုံလုပ်မိတတ်ကြတယ် မလုပ်ရပါဘူး။ ဒါက ဆရာချင်း၊ စွမ်းအင်ချင်း သွားပြီး ဆန့်ကျင်တာတို့ effect အလွန်များသွားတာတို့ ဖြစ်တတ်ပါတယ်။ ဆေးနှစ်မျိုး အပြိုင်သောက်သလိုမျိုးဖြစ်ပြီး အချင်းချင်း တည့်ချင်း မတည့်ချင်းတွေ energy ပြင်းအားတွေ ရှိလာတတ်လို့ ဒါကို ခံရတဲ့ ကိုယ့်ရဲ့ ကိုယ်ခံအား နည်းနေရင် လူကိုပါထိတတ်သလို လိုချင်တဲ့ရလဒ် မရဘဲ မိမိကိုယ်တိုင်ပဲ ရုပ်ပိုင်း/စိတ်ပိုင်းဆိုင်ရာ ထိခိုက်ပင်ပန်းစေတတ်လို့ အထူးရှောင်ရပါမယ်။

Excessive Tarot Reading

ဗေဒင်/Tarot များ ထပ်ခါတလဲလဲ မေးနေခြင်း။ မိမိရဲ့ စိတ်အခြေအနေနဲ့ အစီအရင်ရဲ့ စွမ်းအင် လမ်းကြောင်းတွေ ရှုပ်ထွေးကုန်ပါတယ်။ မိမိ ကိုယ်တိုင်လည်း စိတ်မတည်ငြိမ်တော့တဲ့အတွက် သေချာအာရုံပြု ဆုတောင်းလို့ မရတော့ဘဲ လိုအင်ဆန္ဒ ပြည့်မြောက်ဖို့ ပိုပြီး အလှမ်းဝေးသွားတတ်ပါတယ်။