Wallpaper လမ်းညွှန်ချက်
ယတြာ Wallpaper များအသုံးပြုရာတွင် သိထားသင့်သော အချက်များနှင့် စည်းကမ်းများ
ထားရမည့် အချိန်ကာလ
- Wallpaper က 10/15 ရက်ကနေ အများဆုံး တစ်လထိပဲထားပါ။
- ယတြာ wallpaper တစ်ခုဖြုတ်ပြီးပြီးချင်း နောက်တစ်ခု မထားပါနဲ့။
- တစ်ခုနဲ့တစ်ခုကြား အနည်းဆုံး ၁၅ ရက်ခြားပြီးမှ အသစ်ထားပါ။
ဆုတောင်းနည်း
ဆုတောင်းတာကလည်း တောင်းတတ်သလိုပဲတောင်းပါ၊ ပြောတတ်သလိုသာပြော။
ကိုယ်ရည်ရွယ်ထားတဲ့သူရှိရင် သူ့မျက်နှာလေးကိုမြင်ယောင်ပြီး သူ့နာမည်လေးရွတ်ပြီး ပုံကိုမြင်တိုင်း ဆုတောင်းပါနော်။
ယုံကြည်မှုနှင့်ရလဒ်
ကျွန်မက ဘာကြီးမှလည်း မဟုတ်သလို ဘာမှလည်း အစွမ်းမရှိပါဘူး။ Card တွေကစွမ်းတာပါ။ ယုံကြည်မှုကနေ လာတာဖြစ်လို့ ယုံရင်ထား မယုံရင်မထားပါနဲ့。
လူတိုင်းတော့အဆင်မပြေလောက်ပါဘူး။ ပြေတဲ့သူလည်းပြေသလို မပြေတဲ့သူလည်း မပြေပါဘူး။ အပျော် စတာနောက်တာလေးတွေအနေနဲ့ပဲ တချို့ အလွဲလေးတွေကို ပြန်တင်တာပါ။ အပျော်ကနေ အပျက်မဖြစ်ချင်လို့ တော်ရုံပဲနော်。
ဪ အချစ်ရေးအတွက်တင်ထားရင် ဘယ်အချစ်ရေးနေနေ ချစ်ခြင်းမေတ္တာဆို အကုန်ရတယ် ဟုတ်ပြီလား။ ကိုယ်ကသာ သူများချစ်ခြင်းခွဲတဲ့သူ မဖြစ်စေနဲ့。
Messenger စည်းကမ်းချက်များ
Wallpaper က ပိုက်ဆံနဲ့ဝယ်ရတာ မဟုတ်ပါဘူး။ Page ထဲတင်ထားတာပါ၊ ကိုယ်တိုင်ဝင်ရှာပါ။ ရှာမရရင် မထားပါနဲ့ ဟုတ်။ Pinterest ကပုံကိုပဲ သင့်တော်မယ်ထင်တာရွေးပြီး ဆုတောင်းပေးပြီး တင်ထားပေးရုံပါ။
- Messenger မှာ သီးသန့် လာမမေးကြပါနဲ့တော့နော် လိမ္မာတယ်နော်။ အလုပ် မလုပ်ရတော့ဘူး နေ့တိုင်း ဒါတွေကြီးထိုင်ဖြေနေရလို့ပါ ပလိစ့်。
- အသေးစိတ်တွေ မမေးကြဖို့ပါပဲ။ (ဘယ်နှရက်ထားရလဲတို့၊ ပိုက်ဆံပေးရလားတို့၊ ပို့ပေးပါလားတို့ အဲ့တာလေးတွေပဲ မပို့နဲ့နော်)
- Comment ထဲ Review/Feedback ပြောပေးဖို့ အဆင်မပြေလို့ Messenger ကနေ ပျော်စေဖို့ လာပြောပေးတာတွေက ရပါတယ်နော်။
ချစ်တယ်နော် အိုင်လပ်ယူ