
Love • Peace • Warmth • Connection ဆိုတဲ့ energy တွေကို ကိုယ်စားပြုပါတယ် 🤍
အချစ်ရေး အဆင်မပြေဖြစ်နေတာလား? 🤍 သူ့ဆီက ဂရုစိုက်မှု ပိုလိုချင်နေတာလား? ဒါမှမဟုတ် သူ့စိတ်ထဲမှာ ကိုယ်က ပိုအရေးပါတဲ့သူတစ်ယောက် ဖြစ်ချင်လား? ✨ ဒါဆို ဒီပုံလေးကို ဆောင်ကြည့်နော်… ပုံရဲ့အရောင်ကအစ၊ အစိတ်အပိုင်းတိုင်းကို အချစ်နဲ့ အေးချမ်းမှုကို ကိုယ်စားပြုတဲ့ အငွေ့အသက်ရအောင် သေချာရွေးချယ်ပြီး ပြင်ဆင်ထားပါတယ် 🌷 တောင်ပေါ်က နွေးထွေးတဲ့အိမ်လေးက “ကိုယ့်ရဲ့အိမ်… ကိုယ့်ရဲ့လုံခြုံရာ” ဆိုတဲ့ ခံစားချက်ကို ကိုယ်စားပြုတယ် 🏡 အေးချမ်းစွာ စီးဆင်းနေတဲ့ ရေပြင်လေးက စိတ်ထဲက မငြိမ်သက်မှုတွေ လျော့ပါးပြီး အချစ်ရေးထဲမှာလည်း အေးချမ်းတည်ငြိမ်မှုတွေ ရရှိစေဖို့ ရည်ရွယ်ထားတာပါ 🌊 ပတ်ဝန်းကျင်မှာ ပွင့်လန်းနေတဲ့ ပန်းလေးတွေကတော့ အချစ်၊ နူးညံ့မှု၊ ပျော်ရွှင်မှုနဲ့ အသစ်တဖန်ပွင့်လန်းခြင်း ကို ကိုယ်စားပြုပါတယ် 🌸 ပြီးတော့ ဒီပုံမှာ မနက်ခင်းရဲ့ အေးချမ်းမှုနဲ့ ညနေခင်းနေဝင်ချိန်ရဲ့ နွေးထွေးမှု နှစ်မျိုးလုံးကို ထည့်သွင်းထားပါတယ် ☀️ ကမ္ဘာကြီး နိုးထစ၊ ဆူညံသံတွေ မစတင်သေးခင် လေထုက အေးချမ်းတိတ်ဆိတ်နေတဲ့ နံနက်ခင်းတစ်ခုရဲ့ အလှ… တစ်နေ့တာလုံးပြီးဆုံးပြီး လူတွေ အိမ်ပြန်ကြတဲ့အချိန်မှာ ကိုယ်ချစ်ရတဲ့သူဆီ ပြန်လာပြီး “ဒီနေရာက ငါ့အိမ်ပဲ” လို့ ခံစားရစေတဲ့ နေဝင်ချိန်ရဲ့ နွေးထွေးတဲ့အငွေ့အသက်… အဲ့ဒီနွေးထွေးတဲ့ နေရောင်အောက်မှာ တစ်ယောက်ကိုတစ်ယောက် ရွေးချယ်ထားတဲ့ ချစ်သူနှစ်ဦးရဲ့ ကြည်နူးစရာပုံရိပ်လေးက Love • Peace • Warmth • Connection ဆိုတဲ့ energy တွေကို ကိုယ်စားပြုပါတယ် 🤍 နေ့တိုင်းမြင်တွေ့ရင်း ကိုယ့်ရဲ့ positive mindset နဲ့ အချစ်နဲ့ပတ်သက်တဲ့ ကိုယ့်ရဲ့ intention တွေကို ပြန်လည်သတိရစေဖို့အတွက် Ritual Wallpaper အဖြစ် ဆောင်ထားဖို့ သင့်တော်တဲ့ ပုံလေးတစ်ပုံပါ ✨ အချစ်ကို ရှာဖွေတာထက် ကိုယ်လိုချင်တဲ့ အချစ်မျိုးကို အရင်ဆုံး စိတ်ထဲမှာ မြင်ယောင်ကြည့်ပါ 🌷